မေပယ်သို့
ဒီည
အိပ်မက်ရယ်
ဝေဒနာရယ်
ကိုယ့်ကို နိုင့်ထက်စီနင်း ပြုကျင့်လွန်းတယ်
နှုတ်ခမ်းပါးတစ်ချက်အရွေ့မှာ
ပြုတ်ကျသွားတဲ့ ပျားရည်တစ်စက်အတွက်
သတိရမှုဟာ အသက်ရှူမှားတဲ့ဒဏ်ရာ
အစွဲလမ်းကြီးစွာပဲ မက်မောခုံမင်ခဲ့မိတယ်
အချစ်ဆို ပေးဆပ်ခြင်းလား
ဒါမှမဟုတ် ရယူပိုင်ဆိုင်လိုခြင်းလား
သေသေချာချာ မသိပေမယ့်
ရေရေရာရာပဲ ချစ်ခဲ့မိတယ်
မာနနဲ့သိက္ခာ
အတ္တမပါပဲ ယှဉ်ပြိုင်ခဲ့တာပါ
့ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျတဲ့အခါ
မျက်ရည်ဆိုတာ အရှုံးရလာဒ်ရဲ့သက်သေခံပစ္စည်း
အချစ်နဲ့စစ်
ဘဝနဲ့ကံတရား
အပြုံးနဲ့မာယာ
ကိုယ့်ကျမှ ထပ်တူကျတတ်လွန်းတယ် မေပယ်. . .
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service