ရွာလိုက်ပါတော့မိုး………
ကြတ်ကြတ်တောက်ပူလောင်တဲ့
မယုံကြည်ခြင်းတွေရဲ့ နှိပ်စက်မှုကြောင့်
နှလုံသားနေရာ တချို့သေသွားတယ်
ဒဏ်ရာတွေကို အနာကျက်အောင်
ယုံကြည်မှုဆိုတဲ့ ကွက်ကြားမိုးရွာရမှာ
မိုးခေါင်နေတာကြာပီ
မိုးတွေရွာအောင် လွန်ဘယ်လောက်ဆွဲဆွဲ
မိုးကတော့ ခေါင်နေတုန်းဘဲ…….
တိမ်ညိုတွေရဲ့ မျက်ကွယ်ပြုမှုလား
ငါတည်ရှိနေတဲ့အရပ်မို့ မိုးခေါင်နေတာလား
ရပါတယ်…….
ငါရဲ့ပက်ကြားအပ်နေတဲ့ ခံစားချက်တွေကို
ချိတ်ပိတ်ထားလိုက်မယ်
ကန္တာရဖြစ်သွားတဲ့ ရင်ခွင်ကို
ဓာတ်ပုံရိုက်ထားမယ်
မိုးရွာရင် တူတူကြည့်ဖို့ပေါ့
တစ်ခုဆုတောင်းပါတယ်…
“ရွာလိုက်ပါတော့မိုး………”
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service