ကဗျာမဟုတ်ပါ
ဟုတ်တယ်…….
ကျွန်တော်က သူ့အတွက်
ရိုးသားတဲ့ သူငယ်ချင်းမဖြစ်ခဲ့ဘူး
ရင်ထဲမှာ သူငယ်ချင်းဆိုတာထက် ပိုခဲ့မိတယ်
သူကျွန်တော်ကို မုန်းခဲ့တယ်ဗျာ
အခွင့်အရေးသမားတစ်ယောက်အနေနဲ့ပေါ့
ဘာလို့လဲ ဘာလို့လဲ…
ကျွန်တော်ကျမှ ဘာလို့ဒီလိုဖြစ်ရတာလဲဗျာ
ပြောကြပါဦးဗျာ…
ကျွန်တော်ခုရေးတာ ကဗျာမဟုတ်ဘူး
ခံစားချက်အပိုင်းအစတွေ
ခြယ်မှုန်းထားတာ
ခင်ဗျာတို့ ဖတ်ကောင်းချင်မှ ကောင်းလိမ့်မယ်
ဒီကဗျာမှာ
ကဗျာဆရာရဲ့ နှလုံးသားပါတယ်
ခံစားချက်အပျက်တွေပါတယ်
အပယ်ခံဖြစ်ခဲ့တဲ့ အရှုံးတွေပါတယ်
ဆက်မဖတ်ပါနဲ့တော့
ကျွန်တော်ခုရေးနေတာ ကဗျာမဟုတ်လို့ပါ….
Comment #2
အပယ်ခံဖြစ်ခဲ့တဲ့ အရှုံးတွေ
By: အပေအတေ at Jul 1, 2015
Comment #3
ဟုတ်တယ်
သူငယ်ချင်းကိုမှ ပြန်ချစ်မိသူတွေဟာ
ကျိန်စာသင့်နေတဲ့ သူတွေ
By: Moezet at Jul 4, 2015
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျွန်တော်ခုရေးတာ ကဗျာမဟုတ်ဘူး
ခံစားချက်အပိုင်းအစတွေ
ခြယ်မှုန်းထားတာ
ခင်ဗျာတို့ ဖတ်ကောင်းချင်မှ ကောင်းလိမ့်မယ်
တော်တော်ကြိုက်တယ်ဗျာ