ရင်ခွင်ဟောင်း..သို့
တကယ်တော့လေမင်းက
မီးစိမ်းမပြခင်မောင်းဝင်လာတဲ့
ကားတစ်စင်း….
မာန်တင်းကာငြင်းပေမယ့်
အရှင်းသားကြီးအသိ
မင်းမရှိမနေတတ်ပြန်ဘူး
ဒီလိုနဲ့…အချစ်နဲ့အတူကပ်ပါလာတဲ့
အလွမ်းတွေ တစ်လှေကြီးနဲ့ပေါ့
အခုတော.
အချိန်တွေပြောင်းလို့  ရင်ခွင်ဟောင်းလို့တောင်
မင်းကပြောပီ
အဆိပ်မိလေတဲ့အသည်းက
မပြတ်မသား အမှတ်မထားပဲ
ချစ်နေဆဲ
ဖြေမချိ မခိုင်မာအသည်းက
နေမထိထိုင်မသာအမြဲဖြစ်ရတာမို့
အပျော်မဲ့ဒေသကိုပဲ
အဖော်ဖွဲ့ နေရဆဲပါ.
Comment #2
ကျေးဇူးပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်မျိုးကောင်း၏