အချစ်ဒဏ်
အချိုကျွေးလွန်းတော့ အီတတ်တယ်တဲ့
မူယာ မူယာတွေသုံးပြီး
မချုပ်တတ်ခဲ့တာ ငါ့အပြစ်ဆို
အဲ့အပြစ် ငါကျေကျေနပ်နပ်လက်ခံလိုက်မယ်
ငါ့အချစ် ဖြူစင်ချင်လွန်းလို့ပါ………
ချစ်တတ်လွန်းတဲ့ နှလုံးသားကို
အမုန်းတရား မသင်ပေးတတ်တော့လည်း
အမှတ်မရှိ ငါ
ခုထက်ထိ လွမ်းမိနေဆဲ…………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service