Professional Authors

နောက်ပြန်ရစ် အနှေးပြကွက်

အတောင်အလက်တွေ
ဆန့်ထုတ်ဖို့နေနေသာသာ
အကြောအချဉ်တွေတောင်
တုံ့ဆိုင်းနာကျင်နေတုန်း …။

မဖြစ်ချင်တော့တဲ့ အဖြစ်တရားတွေ
မပိုင်ဆိုင်ချင်တော့တဲ့ အရှိတရားတွေနဲ့
ကိုယ့်အဆိပ်ကိုယ်မိတဲ့ မြွေဖြစ်တယ် ….။

လူတကာကိုလေးစားတတ်ခဲ့
တစ်ခါ လူတကာကို စော်ကားတတ်ခဲ့
ငါဟာ ခန္ဓာအခွံထဲက စိတ်ဓါတ်အဆံ
ငါဟာ သံသရာလှည်းဘီးမှာ အမြဲတမ်းအောက်ဘက်အခြမ်း
ငါဟာ မိုးရေမရတဲ့အရပ်က သစ်ပင်ငယ်ဖြစ်တယ် ……….။

ရွှေတံဆိပ်ဆုရှင်လေးသမားများစွာအတွက်
ငါဟာ မရှိမဖြစ် ပစ်မှတ်စက်ဝိုင်းဖြစ်တယ်
ငါ့ကိုပစ်ခွင်းကြ
နှလုံးသားအလယ်ဗဟိုတည့်တည့်ဖောက်ထွက်ခံရတိုင်းမှာ
လူတွေ ၀ိုင်း လက်ခုပ်တီးတတ်ကြတယ် ….။

တေးမှတ်ထားခြင်းမဟုတ် 
စနစ်တကျမွေးမြူခြင်းနဲ့
ကျရှုံးခါနီးတိုင်းမှာ ငါဟာ
ဆရာမင်းသုဝဏ်ရဲ့ပျဉ်းမငုတ်ဆန်ဆန်
ဆံပင်ကို အနောက်သပ်ပြီး လှန်ခဲ့ဘူးတယ် ….။

In: ကဗျာ Posted By: Date: Jul 8, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment