Professional Authors

ယောကျာ်း

သစ်ပင်တစ်ပင် ဖြစ်ချင်တယ်….၊
မြင့်မားချင်လို့မဟုတ်ဘူး  ၊
ငှက်တစ်သောင်း နားနိုင်ဖို့…..။
အရမ်း ကြီးမားကျယ်ပြန့်တဲ့
ပင်လယ် မဖြစ်ချင်ဘူး
မြစ်တစ်စင်း သာဖြစ်ချင်တယ်…..၊
စီးဆင်းချင်လို့ မဟုတ်ဘူး … ၊
ကွေ့ကောက်ချင်လို့ မဟုတ်ဘူး…၊
ငါ့ကျောပေါ်က ဖြတ်သန်းသွားလာဖို့ ၊
ငါ့အသွေး အသားကို သောက်သုံးဖို့….။
သူဌေးဧည့်ခန်းက ဆက်တီခုံ မဖြစ်ချင်ဘူး
ပန်းခြံထဲက ခုံတန်းလေးပဲဖြစ်ချင်တယ်…၊
ငါ့အပေါ်မှာထိုင်ပြီး ကြီးကြီကျယ်ကျယ်
နှိမ့်နှိမ့်ချိုးချိုး ပြောနေမှာထက်စာရင်
ငါ့အပေါ်မှာထိုင်ပြီး….
အချစ်အကြောင်းတွေ ပြောပါ ၊
မိသားစုအကြောင်းတွေ ဆွေးနွေးပါ ၊
လူငယ်တွေ ဂစ်တာတီးပါ ….။
ခြေထောက်တစ်စုံ နင်းဖို့
ဈေးကြီးကြီး ဖိနပ်တစ်ရံ မဖြစ်ချင်ဘူး…။
ခြေထောက်အားလုံး သန့်စင်ဖို့
ခြေသုတ်ခုံသာ ဖြစ်ချင်တယ်…။
ခပ်တည်တည်နဲ့ ရေသန့်ဘူးတွေ
မဖြစ်ချင်ဘူး…။
လမ်းဘေးက ရေအိုးစဉ်သာ
ဖြစ်ချင်တယ်…။
မောပန်းသူတို့ သုံးဆောင်ပါ…၊
ငါ့ခွက်ကလေးတော့ ပြန်ထားခဲ့ပါ..၊
သံကြိုးနဲ့ ချည်တဲ့အလုပ်တွေ
ငါမလုပ်ချင်လို့ပါ…။
ယောက်ျားကောင်း တစ်ယောက်
ဖြစ်ချင်တယ်…၊
သတ္တိရှိဖို့မဟုတ်ဘူး …၊
တိုက်ရဲခိုက်ရဲဖို့ မဟုတ်ဘူး …၊
ပေးဆပ်ရဲဖို့…၊
ကြွေးဟောင်းဆပ်ဖို့ နဲ့
ကြွေးသစ်ချ ဖို့ပါ…။
                              ဆူးလင်းနေ
In: ကဗျာ Posted By: Date: Jul 13, 2015
Comment #1

အများအကျိုးဆောင် အောင်

commentinfo By: Nothing Special at Jul 28, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment