ပြန်မဆုံချင်တော့ဘူး
တခုတ်တရ မေး နေ သူ မရှိသလို
ဒီလူ့ ကို မြင် ယောင်ကြည့်
အသည်း အစိတိစိတ် ကွဲ နေ တယ် ဆို တာ
သိနိုင် မယ့်သူရှား
လောကဓံတရားတွေ အဖန်ဖန် တိုက်စစ်ဆင် တာ ခံထား ရ တော့
ခံစားချက်လွန် နှလုံးသားက မင်းပေးတဲ့ အမုန်းတရားကိုလည်း
တိတ်တဆိတ် ကြေ ကွဲ ယုံ က လွဲ လို့
တဦးတ ယောက်ကိုမှလည်း အစားမထိုးခဲ့
သတိရခြင်းတွေထဲမှာ အခါခါရှာကြည့်မိ
မယုံနိုင် ဘူးလေ မယုံလည်း မယုံချင် လို့ 
တကယ်ဆိုအနည်းဆုံး ကိုယ်မျှော်လင့်တာက
မိတ်ဆွေဆန်တဲ့ လမ်းခွဲမှုပေါ့
ပွင့်လင်းရိုးသားတဲ့ စိတ်နဲ့ ခံစားချက် အစစ် အမှန် ဆိုယင်
ချစ်တာပဲဆိုဆို မုန်းတာပဲဖြစ်ဖြစ်
ဒီလူမှာ ခံသာမှာလေ
ခုတော့ ဘယ် ခြောက်လို့ ညာလှမ်း
ပညာခန်းတွေပြ
ချစ်လုံးလုံး မုန်းလျားလျားပြတ်သားလိုက်စမ်းပါ
ကြောင် ကကြွက် ကို ကစားသလို
ကုစားရခက် တဲ့ အသည်းကွဲခြင်းဝေဒနာက နေ
နလံမထနိုင်တော့မဲ့ဒီလူ့ဆီကို
မ ရ အရ ဆက် သွယ်
နာကျင်စေချင် လို့  လား (အသည်းကို အပ်နဲ့ဆွသလို)
ခံစားရမယ် ဆိုတာပဲ မသိတာလား
တူစုံတွဲလို့ လာလည် ဦးမယ်ပြောလိုပြော
စကားတွေနဲ့ပါ နှိက်စက်
ဒီလူရဲ့ မေတ္တာနဲ့အ ဝေးမှာ ပျော်ရွှင်နိုင် သူရေ
မပြောထွက်ခဲ့တာ အမှန်တော့ မပြော ရက်ခဲ့လို့ပါ နော်
စိတ်နာအောင် ရက်စက်ခဲ့ပြီး မှတော့
ဘယ်သောအခါမှပြန်မ ဆုံ စ တမ်း။
Comment #1
ကျွန်တော် ဖတ်ရှုခံစားအားပေးသွားတယ် ခင်ဗျာ
အသဲကွဲရာသီစက်ဝန်းမှ လွတ်မြောက် လွတ်လပ် ပျော်ရွှင်နိုင် ပါစေ
🙂