အမည်မဲ့
ဘဝက အထီးကျန်ဆန်လွန်းနေတယ်
ဒါပေမယ့် ကျေနပ်ပါတယ်
ဒီလမ်းကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့တာ
ငါပဲလေ
ကိုယ်ယုံကြည်ထားတဲ့အမှန်တရားတခု
ကိုယ်တိုင်သံသယဝင်လာမှတော့
သစ္စာမမြောက်တော့ဘူးဆိုတာ
အစကတည်းက သိခဲ့သင့်တယ်
နောင်တရဲ့အဆုံးအဖြတ်က
သေဒါဏ်ဆိုရင်
ရင်ဘတ်က သယ်လာတဲ့ပြသနာ
ရင်ဘတ်နဲ့ဘဲဆိုင်တယ်
မပြတ်သားတဲ့စိတ်က ဓါးတစ်ချောင်းလိုပဲ
ဒါကိုယ့်ရင်ဘတ်ကိုယ် ငုံ့ ကြည့်မှ
ထွက်ကျလာတဲ့အသိတရား
မင်းဘက်က ငါ့နှလုံးသားလို့ 
မြင်နိုင်တဲ့တနေ့ နေ့ အထိ
ငါ့ရင်ဘတ်ငါဆက်ထိုးနေရဦးမှာပဲ
ငါကျေနပ်ပါတယ်
ဒီလမ်းကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့တာ
ငါပဲလေ
ဘဝကိုက အထီးကျန်ဆန်လွန်းတာပါ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service