သက်ဆိုင်သူသို့
မျှော်တဲ့အခါ
အမြဲမလာနိုင်ရင်
အစတည်းက
မခေါ်ပဲ မလာနဲ့ .. ။
မမျှော်လည်းပဲ လာ
မျှော်လည်း လာပြီး
အတော်လည်းကြာရော
အစအန တစ်ဘ၀စာဖျောက်ပြီး
လျှော်ခဲ့ပါရော .. ။
အတော်အသင့်
မျှော်ကျင့်ဖြစ်မှ
မျှော်တလင့်လင့်
မျှော်မနေနှင့်နဲ့ (တဲ့)
မျှော်လင့်သူပဲ အရူးလိုလို .. ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service