အရှုံးပေးပြီ
မပြောချင်တော့ဘူး…..
မဟုတ်ခဲ့ပါဘူးဆိုတာတွေ
မလုပ်ခဲ့ဘူးဆိုတာတွ
မဖြစ်ခဲ့ဘူးဆိုတာတွေ
မမှားခဲ့ဘူးဆိုတာတွေ။
မပြောတော့ဘူး……
ငါမကြိုက်တဲ့အရာတွေ
ငါနာကျဉ်ရတဲ့လုပ်ရက်တွေ
ပြန်ပြောလဲ မထူးတဲ့အခြေအနေတွေ။
မသိချင်ဘူး……
အကြောင်းမဲ့သက်သက် ကွိုင်ရှာမှုတွေ
မင်း ထင်တိုင်းလုပ်မဲ့ မဆင်ခြင်မှုတွေ
နာကျဉ်ရမဲ ဥပေက္ခာတွေ။
တကယ်တော့
မချစ်တော့တာမဟုတ်ဘူး
မလွမ်းတော့တာမဟုတ်ဘူး
သူစိမ်းဆန်သွားတာမဟုတ်ဘူး။
ငါ့ဘဝက မင်းလက်ခုပ်ထဲက ရေစက်ပါ
မင်း သွန်ချပစ်ခဲ့မှာအကြောက်ဆုံးမို့
နှုတ်ဆိတ် တိတ်တိတ်သာ
နေခြင်းက အကောင်းဆုံးပဲမို့
ငါတိတ်တဆိတ်ပဲ ငိုကြွေးလိုက်ပါ့မယ်။
(ဒဏ်ရာ)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service