အထီးကျန်လမ်းခွဲ
ရှင်သန်နေတဲ့အချိန်တွေမှာ အတိတ်အကြောင်းမတွေးပါရစေနဲ့…….
ငါ့အိပ်မက်တွေထဲမှာတင် မင်းအတွက် နေရာအပြည့်နဲ့ မွန်းကျပ်နေလို့ပါ
ခက်ခက်ခဲခဲစကားတွေနဲ့ လူနားမလည်အောင် မပြောပါနဲ့…….
နင်ချန်ခဲ့မယ်ဆိုရင်တောင်မှ ငါနားလည်ချင်ပါတယ်
ဘ၀ကို ဖြေတွေးလေးတွေ တွေးပြီး နေနေပါတယ်
ဒါကြောင့်မို့ လွမ်းရင်လည်း မိုးဆုံးမြေဆုံး မဖြစ်ပါရစေနဲ့
နင်ပြန်လာမဲ့လမ်းကိုခင်းဖို့အတွက် အင်အားတွေကျန်ချင်လို့ပါ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service