နင်သိခဲ့ရင်
ခိုးမက်ခွင့် မရှိပေမယ့်
ငါ့ အိပ်မက်တွေထဲ
နင်အမြဲရှိတယ်….
တမ်းတခွင့် မရှိပေမယ့်
ငါ့ အတွေးတွေထဲ
နင်အမြဲရှိတယ်
ဒါပေမယ့်
ကိုယ်ကချစ်တဲ့ အချစ်ဆိုတာ
ကော်ဖီခွက်ထဲက
ကော်ဖီတွေလို ခါးမှန်းသိပါလျှက်
ဆက်တိုက်မော့ချနေရတာ
နင်သိရင် သိပ်ကောင်းမှာဘဲဟာ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service