နှလုံးသား… နဂါး
တစ်ခါတစ်လေတော့လည်း
စိတ်ရှုပ်တယ်
သ၀န်တိုတဲ့မင်းကိုပေါ့
“ပထမဆုံးအချစ်”ကို
မုန်းတယ်တဲ့
ကိုယ့်ရဲ့ ဒုတိယချစ်သူက
မစွဲလမ်း မတမ်းတတော့ပေမယ့်
အတိတ်ဆိုတာ
အရိပ်အနေနဲ့တော့ ရှိဆဲပါ
မေ့မရတာကိုတော့
ခွင့်လွတ်ကွယ်
း နှလုံးသားနုနုက ဒဏ်ရာဟောင်းဆိုတော့လည်း…
ဘယ်သူကမေ့လို့ရမှာလဲ
ဘ၀တစ်သက်လုံးစာ
ရည်ရွယ်ဖူးသူကို…
မင်းရဲ့ ပထမဆုံးအချစ်က
မလေးနက်ခဲ့တော့လည်း..
စိတ်တော့မကောက်လေနဲ့
ချစ်ရသူ
ကိုယ်မင်းကို ချစ်ပါတယ်..
း ကြိုးစားနေတယ်
မင်းအချစ်တွေနဲ့
း ပြည်ဖုံးကားချဖို့
ဟိုးအတိတ်အရိပ်တွေကို
အချိန်လေးနည်းနည်းပေးပါချစ်သူ …
အိပ်ပျော်ချင်ယောင်ဆောင်နေတဲ့
နှလုံးသားမို့
နိုးရခက်နေလို့ပါ
နိုးထလာတဲ့တစ်နေ့..
မင်းလက်ကိုတွဲ
ခိုင်မြဲစွာနဲ့
အနာဂတ်တစ်နေရာကို
အပြုံးနဲ့ရှေ့ဆက်ကြမယ်လေ….
h3mlock
3rd June 2009
Comment #5
တိုက်ရိုက်ပဲ…. ထိပြီ..ဟ
By: khinesuthwe at May 18, 2010
Comment #6
hint,,,,
By: ei lay at Aug 19, 2011
Comment #7
hint,,,,
so much nervous.
myat hnar myar like tar naw.
By: ei lay at Aug 19, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
It is best one and i like very much.
Poem is very gentle for all of mind.