မတိုက်ဘဲရှုံးတဲ့စစ်ပွဲ
မတိုက်ဘဲရှုံးတဲ့စစ်ပွဲ
အလွမ်းဟာ
အိပ်စက်ခြင်းတွေကိုလဲ
ခိုးယူတတ်သေးရဲ့ …
မှိတ်မရတဲ့ မျက်ဝန်းမှာ
မင်းပုံရိပ်တွေ တွဲလဲခိုလို့ 
ညကို အလွမ်းက
လက်နက်မဲ့ တက်သိမ်းသွားတယ် …
အချစ်က မင်းဘက်မှာရှိနေမှတော့
မတိုက်လဲဘဲ ရှုံးပြီပေါ့ …
နှလုံးသားတောင်ကုန်းမှာ
အလံဖြူလေးတစ်ခု
သူမမြင်တာတော့
ငါ့ရဲ့ ကံပဲ !!!
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service