နဂ္ဂတစ် ဖလင်
မျက်လုံးလည်း မကန်းဘူး
ဆန်အိုးလည်း မတိုးဘူး
ဖနောင့် သံဆူးပြီး နာရကောင်းမှန်းမသိတဲ့ ခေတ်ဟာ
အရှေ့မှာ
ဒီယုန်မြင်ပြီး ဒီချုံထွင်တဲ့ ကဗျာက
ကျီးကန်းတောင်းမှောက်ထားသလို
လှံတွေက မြေနိမ့်ရာ အပြည့်
ကမ္ဘာ့တရားထဲ ငါတို့နာဖျားနေကြရဲ့
စုန်းပြူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service