တိတ်ဆိတ်နေသော အသံ
အင်ဂျင်စက်သံတွေ အသိပေးဟွန်းသံတွေ
လက်တွန်းလှည်းတွေ ဈေးသည်တွေ
ကျောင်းတက်ခေါင်းလောင်းသံတွေ
တရားနဲ့ လော်စပီကာသီချင်းတွေ
ဆာလောင်နိုးထလာတဲ့ ရုန်းရင်းဆန်ခတ် လူတွေ
အသံချင်း အသံ ရိုက်ကွဲကျထားတဲ့ လောက
မနက်ခင်း ရဲ့အဓိပါယ်နဲ့ စတင် ဆူညံ့လာတဲ့ မြို့ပြရေ
ငါ့ ပျက်ခဲ့ရတဲ့ အိပ်စက်ခြင်းတွေ
ကျွန်တော်လေ ညနက်နက်တွေကို သိပ်ချစ်တယ်
စုန်းပြူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service