Professional Authors

အခန်းထောင့်မှာ မှောင်နေတဲ့ကောင်ဟာ စကားတွေအများကြီးပြောပြီးရယ်တယ်

ငါဘာကိုမှ စဉ်းစားလို့မရဘူး ဟန်နာ ငါက အပိုအလျှံပဲ စားပွဲပေါ်က စက္ကူပန်းတွေကြေမွသွားတယ်
ငါဖွင့်လိုက်တဲ့ ကတ်ဆက်ဟာ ငါ့အသံကို ပြန်ဖမ်းထားပြီး သေနေတဲ့အသံတွေ ရှုပ်ပွနေတဲ့အခန်းကို ဖောက်ထွက်သွားကြတယ်
ငါအရမ်းသတိရတာပဲ၊ ငါမရတော့ဘူးထင်တယ်  ငါ့စိတ်ကိုထိခိုက်လိုက်မိတယ်
ငါတစ်ယောက်တည်း အချိန်တွေအကြာကြီး မိုးမိနေလို့ ငါလာလို့မရဘူး
ငါသော့ခတ်ထားတဲ့ စာအိတ်ထဲကနေ မင်းဂါဝန်လေးကို ဆွဲဖြဲပစ်လိုက်တယ်
ငါမှားတာ၊ မင်းက ဆံပင်အရှည်ကြီးမှာ ငါ့ကို ပန်ထားတာ ၊ ငါက စကားဝါပန်းတွေလို သွေးရူးသွေးတန်းပွင့်နေတာ
ငါ့ကိုချစ်လား၊ ငါက မင်းကိုချစ်တယ် ၂၄နာရီ တစ်လောကလုံးကို ရပ်တန့်ထားပြီး ငါဖွင့်ထားတဲ့ပြူတင်းပေါက်ကနေ
မင်းဆီကိုရောက်လာတဲ့တိမ်တွေကို ရွာချလိုက်တော့မယ် အဲဒီနေ့က မင်းကိုငါ ဘယ်တော့မှမစဉ်းစားတော့ဘူး
မင်းအိမ်ကိုရောက်တဲ့လမ်းမှာ စိုက်ထားတဲ့သစ်ပင်တွေ ခုတ်လှဲပစ်တော့မယ် အခန်းထောင့်မှာထိုင်ပြီး မှောင်တော့မယ်
တစ်ယောက်တည်း သီချင်းတွေနဲ့ ကျန်ခဲ့တဲ့လူတစ်ယောက်လို ပူဆွေးနေတဲ့မီးခိုးတွေ မှုတ်ထုတ်ပစ်တော့မယ်
စကားတွေအများကြီးပြောမယ် ရယ်မယ် သေပြီးသားအသက်ကို တစ်ခါထပ်သတ်ပစ်လိုက်မယ်

In: ကဗျာ Posted By: Date: May 23, 2017
Comment #1

Like

commentinfo By: jjqqyy at Jun 2, 2017
Comment #2

I do like your poem. 🙂

commentinfo By: Hermione at Jul 10, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment