— အရေးအသား —-
ဟိုတစ်နေ့က မိုးတွေရွာတော့ ငါ့ကိုယ်ငါ စောက်ရမ်းသတိရတာပဲ၊ ငါဘယ်ရောက်နေလဲကွာ
ငါက အရမ်းရှုပ်ထွေးတယ်၊ အရင်က ငါ ကို ပြန်လိုချင်တာပဲ
ကမ္ဘာကြီးမှာ ဆေးဆိုးပန်းရိုက်မျက်နှာတွေ သိပ်များတယ် တအားအပေါစားဆန်တာပဲ
ငါ ပျို့ ပျို့ ပြီး အန်တယ်၊ ငါက ပင်လယ်က အစိမ်းရောင်တွေလေ၊ အ၀ါရောင် ရူးရင့်နေတဲ့ ပင်လယ်ကို မင်းမြင်ဘူးလို့လား
ငါ့ကိုမမှတ်မိတော့ဘူးမလား၊ ဒါက မနေ့က ခရမ်းရင့်ရောင်အိပ်မက်တွေ ကိုက်ခဲနေတဲ့ ညစာ အပိုအလိုမရှိ လျှံကျနေတာ
ဒါက နေ့တိုင်း တွေးခေါ်နေကြ ဘယ်လိုမှ နေလို့ထိုင်လို့ မဖြစ်ဘူးကို သီချင်းလုပ် နားထောင်နေတာ
ငါ သောက်နေတဲ့ ဆေးဝါး တွေက ငါ့ကို မလိုချင်တော့ဘူးလို့ ပြောပြီး သွေးကြောထဲ မိန်းမူးသွားကြတယ်
တစ်နေ့ထက်တစ်နေ့ ခက်ခဲလာတဲ့ ငါ့ကိုယ်ငါ ကုတ်ခြစ်လိုက်တာ ငါပေါက်ထွက်သွားတယ်၊
ငါက ငါ့ဆီကို ပြန်မလာတော့ ရောက်ရာပေါက်ရာ ငါ လွတ်ကျရတာပဲ
ထို့နောက် ငါ့စိတ်ထဲမှာ အများကြီး ဖြစ်ပျက်ခဲ့တယ်၊ ငါမရှိလို့ မဖြစ်ဘူးဆိုတာကနေ
ကမ္ဘာကြီးဟာ မုန်းစရာကောင်းလွန်းလို့၊ ငါထွက်ခွာပြီး ဘယ်တော့မှ ပြန်မရောက်တော့ဘူးကွာ
ငါ့ကိုမမှတ်မိကြနဲ့ ၊ မင်းတို့လျှာပေါ်က အဆိပ်အတောက်တွေမှာ ငါ့ကို အရသာမခံကြနဲ့
ငါက ကိုနှင်းနွယ် မဟုတ်လို့၊ ငါက တစ်ခြားတစ်ယောက်ဖြစ်မှာပေါ့
အလွယ်တကူသွားလာပြီး ပြန်တော့မယ်၊ ထို့နောက် ငါ့အမှားတွေကို ငါ ငေးကြည့်တော့မယ်
ဘာမှမရှိတာကို သစ်ပင်တစ်ပင်လို စောင့်ဆိုင်းပြီး စကြ၀ဠာ အသစ်တစ်ခုမှာ သွားပြီး ဖြာကျလို့ရေတွက်ရင်းနေမယ်၊
ငါမရှိတဲ့ ငါ့ကို မသနားတော့ဘူး၊ အဲဒီဘက်ကို ဘယ်တော့မှ ပြန်မရောက်တော့ဘူး
ငါ့ကိုယ်ငါ စိန်ပန်းတွေလို နီ ပြီး ငါ့သွေးတွေကို ခြွေချပစ်တော့မယ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service