တိမ်ခြေထောက်နဲ့လမ်းလျှောက်နေတဲ့ လူငယ်
ပိတောက်ကိုင်းတွေညွတ်ကျနေတဲ့ သက္ကရာဇ်ပင်ကြီးမှာလည်း
မီးကျီးခဲတွေ ရဲနေအောင် ပွင့်ကြရဲ့
ရင်နဲ့အမျှ ထုဆစ်ထားတဲ့ အမှောင်ကျောက်သားကို
ဘယ်သူတွေ ရှာတွေ့ခဲ့သလဲ
နေရာတကာ
ကိုယ့်လက်ကိုယ့်ခြေ အမှားတွေချည်းပဲ
စိန်ပန်းအပြာတွေလည်း
ငါ့စိတ်နံရံတွေထဲရောက်အောင် ပြာကြ
တိမ်ခြေထောက်နဲ့ လမ်းလျှောက်နေတဲ့ လူငယ်
မင်းဆက်သွယ်လိုက်တဲ့ ဖုန်းနံပါတ်မှာ
ဒီထက်ပိုပြီး အထိအခိုက်မခံနိုင်ပါ တဲ့
တိမ်ကောနေတဲ့ မြစ်ချောင်းအစအနတွေ
မင်းဆီမှာ ကျန်သေးမယ်ထင်ရဲ့
ပန်းချီဆရာတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့ ကြောင်မလေးရေ
အရာရာဟာ လှပနေတယ်
လှလွန်းလို့ အားနာနေရပါတယ်
နောင်တတွေ အဆုပ်လိုက် အခိုင်လိုက် ရကြ
ငါလည်းပဲ ချစ်ခြင်းမေတ္တာရဲ့ ဆန့်ကျင်ဘက်မှာ
အရေပြားတထောက်စာ နာကျင်ရတယ်…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Nice poem