လေယူလေသိမ်း
ကျွန်တော့်မှာ လွတ်နေတဲ့အခန်းတစ်ခန်းရှိတယ်
လွတ်နေတဲ့ အကျီင်္တစ်ထည်ရှိတယ်
လွတ်နေတဲ့ အရေပြားတွေရှိတယ်
လွတ်နေတဲ့အခန်းထဲမှာ
အရွယ်ရောက်ပြီးသား စိတ်မလုံခြုံမှုတွေရှိတယ်
ဂစ်တာတစ်လက်နဲ့
မီးရောင်အတုတပ်ဆင်ထားတဲ့
နွေအစိုင်အခဲတွေရှိတယ်
ပန်းရောင်ဝီစကီနဲ့
အတိုးအလျှော့လုပ်လို့ရတဲ့ နိဗ္ဗာန်ဘုံတစ်ခု ရှိတယ်
လွတ်နေတဲ့ အကျိင်္မှာ အိတ်ကပ်နှစ်ခုရှိတယ်
ထစ်ငေါ့နေတဲ့ မမ်မိုရီကဒ်တစ်ကဒ်ရယ်
အိပ်မက်ဘာသာစကားကို ကျွမ်းကျင်တဲ့
ရိုဘော့တစ်ကောင်ရယ်
သူတို့ကို သိမ်းထားဖို့ ဖြစ်တယ်
လူဝင်စားဟာ
အကျီင်္ကို ကောက်ဝတ်တယ်
အခန်းထဲကထွက်တယ်
ပြီးတာနဲ့
ပွဲတော်ရဲ့ ချောင်အကျဆုံးနေရာမှာ
လွတ်နေတဲ့အရေပြားထဲ ပုန်းအောင်းနေတော့တယ်…။
Comment #2
Nothing Else Matters. ဖင် မဲ ရက် ရ ရင် အရာ ရာ ပြည်. စုံ သူ ကြီး ကို ပေါက် စ ပါ ။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လောဘကြီး လောအီးရူ ၊ မယား စံ ရွေး ဖာမဲနဲ. ညား ။