တစ်နေ့နေ့ကမ္ဘာ
အိပ်မက်အခွံတွေထဲ ၀င်ရောက်ပုန်းအောင်းလို့ရမလား
လူအပေါစားတစ်ယောက်လို ပျော်ရွှင်နေမိတယ်
တစ်ကမ္ဘာ နှစ်ကမ္ဘာ သုံးကမ္ဘာ
စသဖြင့် ခဏခဏပါပဲ
ပလက်ဖောင်းဘေးက ဓာတ်တိုင်တစ်တိုင်လို
ကျွန်တော်ဟာ ရပ်တန့်နေမိပါတယ်
သစ်ဆွေးသားအရောင်နဲ့ ကြယ်တွေ
လမ်းသွားလမ်းလာများကို ၀တ်ဆင်ထားတဲ့ မြို့တွေ
ဗလာမျဉ်းဖြောင့်များနဲ့ ကောက်ကျစ်တဲ့ခုနှစ်တွေမှာ
လက်သည်းခွံလေးလို ကျိုးပဲ့ခဲ့ပါတယ်
မျက်နှာလွှဲလိုက်လို့
ညှိုးရော်သွားရတဲ့ နှင်းဆီလေးလိုလည်း နီမြန်းခဲ့
အိုဟောင်းနေတဲ့ ကျီးကန်းတစ်ကောင် ပြိုကျသွားတယ်
သန်းခေါင်ယံထဲက အသံဟာ
သူ့အတောင်ပံတွေကို သိမ်းပြီး အိမ်ပြန်တော့မယ်
ကိုယ့်ရင်ဝကို ချိန်ရွယ်ပစ်ခတ်ပြီးမှ
တစ်သက်လုံးမျက်ရည်ကျရတဲ့ ကျည်ဆန်တစ်တောင့်ဟာ
ကျွန်တော်ဖြစ်တယ်…။
Comment #2
Wow! အခုအိမ်အပြင်လှမ်းကြည့်ရင်း အဲ့ဒီ မြင်ကွင်းတွေကို တွေး မိသွားလို့ ခပ်ဆွေးဆွေးလေး ဖြစ်နေတယ်

Comment #3
ငါ့ညီလေး
မင်းရေးခဲ့တာတွေ မင်းဆန္ဒအတိုင်း ငါ စာအုပ်ထုတ်ပေးမယ်
မင်း လုပ်ချင်တာလုပ်သွားရတဲ့အတွက် ကျေနပ်နေမယ်လို့လဲ ငါယုံထားတယ်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အလင်းပါးပါးနဲ့ခပ်ထူထူအုပ်အုပ်စကားသံများ