ကမ္ဘာမြေရဲ့ လက်ဆောင်
—————————–
ကမ္ဘာမြေရဲ့ လက်ဆောင်
—————————–
လူတကိုယ်စာ ဝင်ရရုံလေးဆိုပေမယ့်
သွားရတဲ့ခရီးက
သေတစ်နေ့ မွေးတစ်နေ့ပါပဲ။
မထူးဆန်းပါဘူး။
လူ့ဘဝ ဖြစ်တည်မှု့က
ဆေးရုံမှာ စပြီး ဆေးရုံမှာပဲ ဆုံးရတာမျိုး။
အခု.. သိပြီးပြီလား။
ခင်များလက်နဲ့ မိမိရရဆုပ်ကိုင်ထားတဲ့
ဟောဒီ သတ္တလောကကြီးထဲမှာ
ချစ်ခြင်းမေတ္တာတရားထက် ပိုပြီးကြီးကျယ်ခမ်းနားတာ
ဘာမှ မရှိတော့ဘူးဆိုတာကို ။
မောင်မောင်ညိမ်းချမ်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service