မာယာနဲ့ နင် ဒဏ်ရာ နဲ့ ငါ
အဖြူရောင်…
ဟန်ဆောင်ခြင်းတွေကင်း
အပြုံးတွေသင်းတဲ့မျက်နှာ
ငါထင်တာ…ထာဝရပေါ့…
မကြင်နာ
မာယာနဲ့ မုသား
စကားတွေ ကြမ်းလာတဲ့အခါ
ဒီရင်မှာ မျက်ရည်ခပေါ့…
ရက်စက်ခြင်း
အလင်းရောင် ပျောက်ကွယ်
မရယ်နိုင် နှလုံးသားမှာ
ချစ်ဒဏ်ရာ သွေးစက်ကျတော့….
ပြေးထွက်ပုန်း
အရှုံးကိုဖျောက် ဖယ်
ငြင်းပယ်ဖို့ အားမရှိတာ
ငါ့ရင်မှာ မရှုမလှပေါ့…
Comment #2
super like this title so much

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဖြူေ၇ာင်ဟန်ဆောင်ခြင်းကင်း..အပြံုးတွေသင်းတဲ့မျက်နှာ ငါထင်တာထာ၀၇ပေါ့……. ကောင်းတယ်နော် ကဗျာလေးက