စိတ္တဇ ည
လရောင်ကမပေါ်တပေါ်
ညဉ့် ကခက်နက်နက်
နာရီသံကတချက်ချက်
ထရံပေါက်ကြိုးတိုးကျဲတဲက
အပြင်ကိုချောင်းကြည့်တော့
လျှပ်စီးတွေလက်နေတာ
ကမ္ဘာကိုဖြိုမည့်အလား
ဝိုးတ၀ါးမည်းမည်းတွေက
ဘယ်ညာယိမ်းနွဲ့ 
မကြာခင်ကောင်းကင်မဲ ကြီး
အော်မြည်းသံနဲ့ အတူငိုတော့မယ်
မလုံမလဲဓနိမိုးကြားက
မိုးရေစက်ကတပေါက်ပေါက်
လေကြမ်းတွေကတိုက်ခတ်
မိုးကြိုးတွေကဆက်တိုက်ပစ်
အားငယ်စိတ်နဲ့ 
ဘေးကိုစမ်းမိတော့
ငါတစ်ယောက်တည်းဘဲ………
သြော်……..
မိုးမင်ရယ်တိတ်ပါတော့
ကျွန်တော်အထီးကျန်တာကို
ကျွန်တော်သတိမထားချင်လို့ ပါ…..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service