ကံဆိုးတဲ့ ညလား? ငါ့ဘ၀အစလား?
နယုန်လရဲ့ လေကြမ်းက
ကွင်းပြင်ပြင်ရဲ့ တဲ ကလေးကိုကိုင်လှုပ်
သစ်ပင်အုံ့ အုံ့ တွေကမြူးကြွ
စည်းချက်ကျကျ ကျရောက်နေတဲ့ 
မိုးရေစက်တွေ…….
ထိုထိုကာလ
မိုးတွင်းလမှာ
လူ့ ပြည်လောက
ထိုဘ၀ကိုငါရောက်ခဲ့ တယ်……
အများသတ်မှတ်
unluckyတဲ့ 
ဇွန်လ ၁၃၊ ၈၉ ရဲ့ 
မှောင်ရီပျိုးပျိုး
ငါလန့် နိုးခဲ့ ….
ငယ်ငယ်ရွယ်ရွယ်
နုနုနယ်နယ်
ကလေးငယ်ကို
ပီတိအပြုံး
ပန်ဆင်သုံးလျှက်
နမ်းချီပွေ့ ဖက်
အမေ့ လက်ကို
သား……
ထာဝရ မမေ့ရက်ပါဘူး ..အမေ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service