နင့်လူနဲ. ငါ တွေ.ချင်တယ် ၂
ဘယ်လက်သီးအယောင်ပြ
ညာလက်က ပွဲသိမ်းအဖြစ် အဆုံးသတ်လိုက်တယ်။
ဘယ်ဘက်က စွပ်စွဲမှုတွေ ဖြေရှင်းနေချိန်
ညာဘက်က
လမ်းခွဲစကားက လျှပ်ပြက်သလိုဝင်လာ
“တခြားလူကို ချစ်မိသွားပြီ”
အရှိုက်တည့်တည့်ပါပဲ။
တော်ပါတော့
ချစ်ကြည်ရေးပွဲမှာ ဓားသွားကိုအဆိပ်သုတ်ခဲ့သူ
အခု ငါ အမှန်ကိုမြင်ပါပြီ။
သူများရည်းစား ကြောင်တောင်နှိုက်ရဲသူက
ငါ့ကို ဖုံးနံပါတ် ပေးရဲသတဲ့လား
ဒီလိုလူတွေကြောင့်
သစ္စာလည်း တန်ဖိုးမဲ့နေတာ…..
ဒီမှာ
အမုန်းနဲ. မခွဲချင်လို.
အရှုံးကိုပဲ ယူခဲ့တဲ့ ကိစ္စ
နှစ်ခါတော့ ပြန်မရဘူး။ ။
Comment #3
ပြင်းလှချည်လား
Comment #6
နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲဗျာ။
နံပါတ် ၁ ကော၊ အခု နံပါတ် ၂ ပါ ကြိုက်တယ်။
Comment #7
ကြိုက်တယ်ဗျာ..တကယ်..ကျွန်တော့်နေရာက၀င်ရေးထားသလိုပဲ.။
Comment #9
.like
Comment #10
so good
Comment #11
အရှိုက်တည့်တည့်တဲ့ တော်တော်နာကျင်မှာဘဲဗျနော်
ဒီကဗျာလေးဖတ်ရတာ အဖြစ်အပျက်တစ်ခုကိုမြင်လိုက်ရသလို ကဗျာကအသက်ဝင်လွန်းတယ် ။
Comment #12
သူများရည်းစား ကြောင်တောင်နှိုက်ရဲသူက
ငါ့ကို ဖုံးနံပါတ် ပေးရဲသတဲ့လား
ဒီလိုလူတွေကြောင့်
သစ္စာလည်း တန်ဖိုးမဲ့နေတာ…..
Comment #1
ခံစားချက်ပြင်းပြင်းတွေပဲ..အကိုမော်နီရေ..။။။