အေးရိပ်ငြိမ်အလွမ်း
အေးရိပ်ငြိမ်အလွမ်း
သူငယ်ချင်းတို့ရေ . . .
နွေဦးနဲ့လေရူးကြားမှာ
သစ်ရွက်တွေကြွေတယ်
ငှက်ကလေးတွေ လွမ်းတေးဆိုတယ်
အရာရာ အရင်လိုပါပဲဟာ
ဒါပေမယ့် . . . .
မမျှော်လင့်ရဲတဲ့သူနဲ့
မျှော်လင့်ချက်မပေးတတ်သူကြားမှာ
မျှော်လင့်မထားတာတွေ ဖြစ်လာတော့မှ
အချိန်က စကားစဖြတ်ပစ်လိုက်တယ်
ငါ သွားတော့မယ် တဲ့။
အဲဒီ နှုတ်ဆက်စကားလေးကိုတောင်
ကြားခွင့်မရခဲ့တဲ့ ငါပါကွယ်။
ငါ့ကို တမ်းတမယ့်သူ မရှိလည်း
ငါကတော့ လွမ်းနေမယ်၊
လမ်းခွဲဆိုတာ . . . . .
မလွမ်းရဲသူတွေအတွက်တော့
အဆိပ်လိုပါပဲဟာ
ဒီလိုနဲ့ လွမ်းနာကျခဲ့တဲ့ . . . ငါ . . .
နင်တို့ကို ပြောပြနေကျ
သိပ်လှတဲ့ကောင်မလေးပေါ့
အခု . . . အိမ်ထောင်ကျသွားပြီ
ပျံသန်းရာချင်း မတူမှတော့
နားခိုရာလည်း ကွဲပြီပေါ့
ဒီလိုနဲ့ . . . .
ငါ . . . လွဲခဲ့ရဖူးတယ် ။
ငါတို့ အတူဆုံပြီး ထိုင်နေကျ
၆၉ လမ်းက လက်ဖက်ရည်ဆိုင်မှာတောင်
ငါ့တစ်ယောက်တည်း ငိုင်တိုင်တိုင်မို့
မထိုင်ဖြစ်တာလည်း ကြာပေါ့၊
ယစ်မူးခဲ့ရတဲ့
နှစ်ကူးတဲ့ ညမှာတုန်းကပေါ့
နင်တို့ပေးခဲ့တဲ့ လက်ဆောင်လေးကို
ငါ . . . အမြတ်တနိုးသိမ်းထားတယ်။
ပွဲတော်နေ့တိုင်း မရောက်ဖြစ်တောင်
အမြဲမျှော်နေရှာတဲ့ ဘုရားကျောင်းမှာ
ငါ . . . နင်တို့အတွက် ဆုတောင်းပေးပါတယ်
ပျံသန်းရာ မတူပေမယ့်
ဖြတ်သန်းရာ ဆုံမှတ်တစ်ခုရောက်ရင်တော့
ငါတို့ . . . ပြန်ဆုံကြဦးမှာပါ ။
အလှမ်းဝေးလည်း လှနေရှာတဲ့
မန္တလေးရဲ့ ညတွေမှာတော့၊
ငါ . . . . . . . . . . . . . . . . .
နင်တို့ကို သတိရတယ်၊
ဖြူနီဝတ်စုံလေးတွေကို လွမ်းတယ်
နင်တို့အဆောင်ကို မြင်ယောင်ဆဲပေါ့
ဒါကြောင့်မို့လည်း . . .
နင်တို့ မပြန်ခင် အရင်တစ်ရက်က
ဖုန်း သုံးခါ ဆက်သေးတယ်
အားလုံးအပြင်ထွက်သွားလို့
နှုတ်မဆက်လိုက်ရဘူး
ဒီလိုနဲ့ . . . . . . . . .၊
ငါ တို့ ဝေး ခဲ့ ရ ဖူး တယ် ။ ။
Comment #1
@-@