လွတ်တဲ့ငါး (သုခမိန်လှိုင်)
ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဖိုးကြီးလာ ။
ငါတို့ မက်ခဲ့ကြတာ
အိပ်မက် ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာ ကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲ ကြီးကြီး ။
စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး ။
သုခမိန်လှိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘယ်မှာပါတာလဲမသိဘူး.။ကြိုက်တယ်ဗျာ တိုတိုနဲ့ ထိထိပဲ..။