တဲအို
တဲအို
> ““““““““““““““““
> ဒုက္ခကိုအလှဆုံးထုထားလိုက်ပုံများ
> ငါ့ဦးခေါင်းတွေရို့ကျိုးလို့…
> ဓါးအိမ်ထဲထည့်ခံထားရတဲ့
> ဘ၀ဟာလဲ ခေါက်ရိုးကျိုးနေပါပြီ။
>
> မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့
> တဲအိုဟာ လဲပြိုဖို့အချိန်တန်ပြီလား……..
> သင်္ခါရတရားကိုမေ့လို့
> အားလုံးလဲသေဆုံးကုန်ပြီ။
>
> မီးကြမ္မာရေ
> တစ်ခါပဲလာပြီး တစ်ခါပဲပြန်ရမယ့်
> လောကမှာ ပျားရည်က
> အဆိပ်ခတ်ခံရသတဲ့….
>
> တစ်ခါပဲဝေပြီး တစ်ခါပဲကြွေတဲ့
> သစ်ရွက် အစင်းရာနဲ့
> နင်းမှာကိုကြောက်တယ်…
> ဒီတစ်ခါပဲ ငါ့ကိုငါလောင်မြိုက်ခွင့်ပြုပါ…..။ ။
> ဓါးအိမ်ထဲထည့်ခံထားရတဲ့
> ဘ၀ဟာလဲ ခေါက်ရိုးကျိုးနေပါပြီ။
>
> မေတ္တာတရားနဲ့ တည်ဆောက်ထားတဲ့
> တဲအိုဟာ လဲပြိုဖို့အချိန်တန်ပြီလား……..
> သင်္ခါရတရားကိုမေ့လို့
> အားလုံးလဲသေဆုံးကုန်ပြီ။
>
> မီးကြမ္မာရေ
> တစ်ခါပဲလာပြီး တစ်ခါပဲပြန်ရမယ့်
> လောကမှာ ပျားရည်က
> အဆိပ်ခတ်ခံရသတဲ့….
>
> တစ်ခါပဲဝေပြီး တစ်ခါပဲကြွေတဲ့
> သစ်ရွက် အစင်းရာနဲ့
> နင်းမှာကိုကြောက်တယ်…
> ဒီတစ်ခါပဲ ငါ့ကိုငါလောင်မြိုက်ခွင့်ပြုပါ…..။ ။
သောဏ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service