ဘ၀ ဖလား
“ခံစားရတာခြင်း အတူတူ
ငါ က ဘုရားသခင်ဆီ တံဆိပ်ကောင်းတပ် ပြီး
စာ မပို့နိုင်ခဲ့ဘူး”
……………………………………………………….
ဒီမှာ လူဖြစ်သမျှ
ကျောနံပါတ်က ဒုက္ခတွေချည်းပဲ
Freekick ကောင်တဲ့ ဘက်ခမ်းလို ကောင်တွေ ရှိသလို
သောကတွေ တဘုံးဘုံး ဖမ်းနေရတဲ့
ကျွန်တော်လို ကောင်လည်း ရှိတယ်။
ကျွန်တော်က ………….
ကွင်းထဲ ရိုးရိုးသားသား ကစားနေသမျှ
မန်နေဂျာ ဆိုတဲ့ ဘ၀ က လာခေါ်မှာ မဟုတ်ဘူး။
လိမ်တယ်၊ ခေါက်တယ်၊ တွန်းတယ်၊ တိုးတယ်
အဓမ္မတွေ အားကုန်ထုတ်လို့…
ကန်သွင်းလိုက်တဲ့……..အခါ..မှ…
ဂိုး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
“ခံစားရတာခြင်း အတူတူ
ငါ က ဘုရားသခင်ဆီ တံဆိပ်ကောင်းတပ် ပြီး
စာ မပို့နိုင်ခဲ့ဘူး”
ဒီမှာ လူဖြစ်သမျှ
ကျောနံပါတ်က ဒုက္ခတွေချည်းပဲ
—————————————————–
ကဗျာဆရာရေ .. အနှစ်တွေဗျာ .. လွှတ်ခိုက်တယ်