ဒီဇင်ဘာ ၂၅ ရက်၊ညနေ ၅ နာရီ (ပိုင်စိုးဝေ)
အုံ့ဆိုင်းတဲ့ တနင်္ဂနွေညနေခင်း
တစ်ခုမှာပေါ့
ကိုယ့်ဘဝထဲသူဖြတ်သန်းသွားပုံကြီး
ကြေကွဲရ။
သစ္စာတရားကိုဖက်တွယ်လိုက်တဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့။
လိမ်ညာဖို့စကားလုံးတွေ
အများကြီးရွတ်ဆိုတတ်ပေမယ့်
အကောင်းဆုံးကို မရွေးချယ်တတ်တဲ့
ကိုယ့်အပြစ်ပါ။
ဆက်ထိုင်နေရကောင်းမလား
စဉ်းစားရင်း ထရပ်မိ
ထွက်သွားရကောင်းမလား
စဉ်းစားပြီးပြန်ထိုင်။
ဪ မစိမ်းမြ..မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခကြမ်းရှရှ ကြီးကိုမှ
ကိုယ့်ရင်ခွင်ထဲ ပစ်ထားခဲ့ရက်လေခြင်းနော်။
ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာမစိုင်းရဲလို့
သည်အတိုင်းဆက်ထိုင်နေရတယ်။ ။
ပိုင်စိုးဝေ
Comment #2
သစ္စာတရားကိုဖက်တွယ်လိုက်တဲ့
ငနဲတစ်ယောက်ရဲ့ကျဆုံးခန်းပေါ့။

Comment #3
hmar de…
tit sar shi loh be dot hma ma shone bu.
tway way nay loh tar shone hmar.
tan ta ya tway ne koh kou ko ma yone kyi loh tar shone hmar.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားပြနေတာမဟုတ်ဘူးကွဲ့
ထင်ရာမစိုင်းရဲလို့
သည်အတိုင်းဆက်ထိုင်နေရတယ်။ ။