လယ်သမား (တာရာမင်းဝေ)
ဆောင်းဦးရာသီပါ
မြောက်လေပြာပြာတွေတည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။
သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့..
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။
မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ
ငါဟာ..
တမျှော်တခေါ် အလင်းဝိုးဝါး။
ရေတွင်းကလေးလို
ကိုယ့်ရင်ထဲက ရေစင်တွေကို
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
၁၉၉၅..
ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့။ ။
တာရာမင်းဝေ
Credit Goes to: http://manorhary-poemsilove.blogspot.com/2009/09/blog-post.html
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒါပေမဲ့
ရင်ထဲကအမှန်တရားက
လူမမြင်လည်းမှန်တယ်
မြေဩဇာမမှန်တော့တဲ့နေ့
ငါကြိုးစားသမျှလေလွင့်ခဲ့ရမှာလား
ရေစပ်မှာရပ်ကြည့်တဲ့
လယ်သမားကြီးကို
တွေဝေငေးမောခဲ့ရတဲ့
ကောက်စိုက်သူမလေးပါ