ရောင်စုံအချစ်
ခံစားချက်တခုနဲ့ ဘဝကိုအရင်းတည်
အိပ်မက်ဘုံမှာ ကြည်နူး
နှလုံးသားမှာ နှောင်ဖွဲ့ 
ချစ်ခြင်းရဲ့ ငါမေတ္တာ
မင်းနဲ့တွေ့ မှ နိုးထခဲ့တယ်
ဒါပေမယ့် ငါမသိတဲ့
ရက်စက်ခြင်းနဲ့ အတ္တမာန်မာန
ထာဝရအိပ်မက်ကို လှည့်စား
မင်းပုံရိပ်ကို ဆေးဆိုးပန်းရိပ်မျက်နှာနဲ့
ပန်းချီကားတစ်ချပ်လို့
မင်းနှလုံးသားက အရောင်တွေဆိုးလို့
မုန်းပန်းဆေးခြယ်ခဲ့ပြီပေါ့ ..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service