နှစ်ပတ်လည် အလွမ်း
ဘာလိုလိုနဲ့ 2010 ခုနှစ်လည်းရောက်ခဲ့ပြီ
ဘာဖြစ်ဖြစ် တို့တွေဝေးခဲ့ပြီ
ဘယ်အချိန်ပြန်ဆုံမယ် ဆိုတာလဲ
မရေရာ
သေချာတာကတော့ ရေရာတဲ့ ငါအချစ်တွေက
ပိုင်ရှင်ဖြစ်တဲ့ မင်းကို တွေ့ချင်တယ်တဲ့လေ
နွေရာသီမှာ အသစ်ပွင့်လာမယ့်
ပန်းလေးတွေ အစား
မင်းလေးကိုပဲ တွေ့ချင်နေမိတယ်
အခုတော့ မိုးရာသီမှာ
အနန်းမိုးတွေ အစား
အလွမ်းမိုးတွေ နေရာယူခဲ့ပြီလေ
ဆောင်းရာသီမှာ
အနွေးထည် ၀တ်ရတာထက်
မင်းကိုပဲ ထွေးပွေ့ထားချင်နေမိတယ်
တစ်ခုတော့ ငါလေ တွေးကြောက်နေမိတယ်
မင်းနဲ့ ပြန်ဆုံဖြစ်ခဲ့ရင်
`အစ်ကို´ လို့ခေါ်နေကျ မင်းရဲ့ အသံကို မမှတ်မိမှာ စိုးတယ်
နှစ်တွေက ကြာခဲ့တော့လည်း…………………..။
Comment #2
တော်တယ် တော်တယ် ဆက်ပြီးကြိုးစားလိုက်ဦးနော် ငါ့ကိုမှီဖို့ ဆယ်နှစ်

Comment #3
Good

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Good JOB….Try….Try….to become more good….