မြတ်နိုးသူ
ရင်တွင်းနှောင်ဖွဲ့
အကြင်နာကြိုးကို
ဖျက်ရန်ခက်မို့
ရူးသွပ်လှစွာ
တွယ်တာရင်းနဲ့
သူများပြောလည်း
ဥပက္ခာပြုကာ
ရင်ထဲမှာပဲ
သိမ်းထားလိုက်မယ်
တစ်သက်တာလုံး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ချည်နှောင်ပြီးတဲ့
အကြင်နာကြိုး
ပြန်ဖြည်လို့ကောလွယ်မယ်ထင်ပါသလား၊?
နှောင်ဖွဲ့လို့တွယ်တာ တာကို
ရူးသွပ်တယ် ဆိုပြီး အထင်မှားမလား
ဟိုအရင်ခေတ်ကတေးသွား
ဘိုဘိုဟန်ဆိုထားတာလေ
တို့များအားကျမိပါရဲ့
အိုဘာတဲ့
“ကြားစကားများဘေးဖယ်ထား ခပ်မိုက်မိုက်ချစ်ကြစို့တဲ့”