လူပြိုကြီး
ကုန်သွားတဲ့အချိန်ရယ်
ယောက်ျားရသွားတဲ့ချစ်သူရယ်ဆို
စိတ်ကိုဒုံးဒုံးချလို.ရပါသေးတယ်။
မိန်းမဘာလို.မယူတာလဲမေးလာလို.
“မရတာမဟုတ်ဘူး
မလိုချင်တာ” လို.ဖြေတော့လူတွေကလှောင်ပြုံးတယ်
“အသေရရ အရှင်ရရ
မသေမရှင်ရရ လိုချင်တာ……
မရလို.” ဖြေတော့လည်း လူတွေကရယ်တယ်
ငါဘာဖြေရမှာလဲကွယ်။
ပါးသွားတဲ့ ဆံပင်ရယ်
ကြိုက်မိတဲ့ ကောင်မလေးရယ်က
ရောက်လာနိးနိုး စောင့်နေရတာ
မစောင့်လို.လဲ မဖြစ်ဘူး
စောင့်တော့လဲ ဘာမှထူးမလာဘူး။
လူပျိုကြီးပါဖြေတော့
ရရစ်နဲ. ပြိုတာလားတဲ့
ဟုတ်ပါတယ်
ရင်ဘတ်ထဲမှာ ပြိုကျပျက်စီးနေတဲ့
“လူပြိုကြီး” တစ်ယောက်ပါပဲကွယ်။ ။
Comment #2
ကိုမော်နီရေ ဒီကဗျာလေးကတော့ အရေးအသား၊ အတွေးကအစ ကောင်းပါတယ်။ ပြုံးရွှင်စရာ မျက်နှာဖြင့် ဒီကဗျာလေးကို ဖတ်ရတဲ့အတွက် ၀မ်းသာပါတယ်။
အပျိုကြီးကဗျာကတော့ ကျွန်တော်မကြိုက်ပါဘူး။ မကြိုက်ဘူးဆိုတာက အရေးအသားပိုင်းကိုပါ။ အပျိုကြီးကဗျာက ကဗျာကောင်းတစ်ပုဒ် မဟုတ်ပါဘူး။
လူပြိုကြီးကဗျာကသာ ကဗျာကောင်းတစ်ပုဒ်ဖြစ်ပါကြောင်း။
ကိုဘုန်းပြည့်သျှင်
Comment #3
kwi,,kwi,,
really nice
Comment #1
ကဲ…အဲ့တော့….ရရစ်နဲ့ ပြိုကျနေတဲ့ လူပြိုကြီးရေ…
နောက်ဆုံးတော့လည်း ဟိုအပျိုကြီးနားပဲ…
ခွေ့ရတော့တာပဲ မဟုတ်လားဗျ…
အဲ့တာကြောင့် ပြောပါတယ်ဗျာ…
အစားကိုအကုန်စား…
ကဗျာကို အကုန်မရေးနဲ့ ဆိုတာလေ…ဟိဟိ