သွားပါတော့ မိုးတိမ်ရယ်..
မငိုချင်ဘူး..
မျက်ရည်တွေရယ်
မကျပါနဲ့..
ဒီအပြုံး…
မျက်နှာမှာ၇ှိနေပေမယ့်
ရင်ထဲမှာ ငိုနေတယ်..
ဝမ်းနည်းတယ်..
ဘယ်လိုပဲဖြေသိမ့်တွေးလည်း
စက္ကန့်ပိုင်းအတွင်း
အပျော်တွေပျောက်ကွယ်..
ဘာမဖြစ်တာလေးနဲ့
အားလုံးမျက်ဝန်းအိမ်မှာ
မိုးတွေရွာ..
စိတ်ဆင်းရဲတယ်..
ဘယ်လိုပင် သိအောင်ပြောလည်း
ဘာမှန်းမသိတဲ့
အကြောင်းပြချက်တွေကြောင့်
ဒီလိုပဲ ဇာတ်သိမ်းမှာလား..
မိုးကြိုးတွေပစ်
လျှပ်စီးလက်တာတွေရပ်လို့
နေလေးရယ်..
ပွင့်လိုက်ပါတော့ ….
h3mlock
8th Sep 2009
Comment #3
ကဗျာလေးကောင်းလိုက်တာ
အားတင်းထား
ပျော်တလှည့် ငိုတလှည့် လောက
အ၇ာအားလုံးက ခဏ ပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အရမ်းမိုက်တယ် … ခေါင်းစဉ်ကို ပိုကြိုက်တယ်