ကဗျာနှင်ကဗျာ၏ဖြစ်တည်မှု့ 
ငါ့ ကဗျာကိုခြယ်မှုန်းဖို့ 
ငါ့ ကိုယ်ငါတခါတလေစီခြယ်ကြည့် တဲ့ အခါ
ငါ့ ကဗျာထဲမှာငါ့ ကမ္ဘာရောက်နေပြီးသားပဲ
ငါနဲ့ စီးချင်းထိုးတက်သော
ငါ့ အိမ်မက်တွေကိုတော့ ငါ့ ကဗျာတွေထဲမှာ
တနေရာပေးရအုံးမယ်
ငါ့ ခံစားချက်တွေကငါ့ ကိုပြန်ထမ်းပိုတဲ့ အခါ
ချိုမြိန်စွာအသက်ဝင်နေသော
ကဗျာတွေဟာ
ငါဖြစ်နေတက်ပြန်ရောပေါ့ 
လေညှင်းတိုက်သောအခါ
လေကြမ်းကြမ်းတိုက်သောအခါ
ကမ္ဘာပိုစောင်းသွားသောအခါ
အိမ်မက်တစ်ခုခုကရင်ဘတ်ထဲမှာ
စွဲပြီးကျန်ခဲ့ သောအခါ
ဒိုင်ယာနာဈာပနအကြောင်း
တစ်စွန်းတစ်စကြားသောအခါ
အိုစမာဘင်လာဒင်ကိုရှာမတွေ့ သော
အမေရိကန်အကြောင်းစဉ်းစားမိသောအခါ
ရာဇ၀င်ထဲကအချစ်အကြောင်းပြန်ဖက်ပြီး
မျက်ရည်ဝဲမိသောအခါ
ရာဇ၀င်ထဲမှာငါ ကိုယ်တိုင်သရုပ်ဆောင်ဖို့ 
စိတ်ကူးယဉ်သောအခါ
ကြယ်ကြွေကောက်သောစိတ်ကူးတွေနဲ့ 
ငါ့ ကိုယ်ငါရှာမရသောအခါ
အလွမ်းရင့် ရင့် တွေရင်ဘတ်ထဲ
ရင့် ရော်နေသောအခါ
အခါတိုင်းဟာ
အဲ့ ဒီအခါတိုင်းဟာ
ကဗျာအောက်မှာငါရေးဆွဲတဲ့ 
စုပ်ချပ်တွေဖြစ်ခဲ့ ပေမဲ့်
ငါသည်ကဗျာဖြစ်သည်
ကဗျာသည်ကမ္ဘာဖြစ်သည်
ကမ္ဘာသည်ကဗျာမရှိသောအခါ
အဓိပ္ပါယ်ပျောက်ဆုံးသော
နေံရက်များနှင့် သာရှင်သန်ရမည်
ဟင့် အင်း
ကမ္ဘာလည်ပတ်မှု့ ရပ်တန့် နေမည်
ကဗျာအားငါထားသောသစ္စာနှင့် 
ကမ္ဘာအားထုဆစ်စေအံ့
ကဗျာသည်ကမ္ဘာတစ်ခုဖြစ်လေသည်။
မင်းလူန