တစ်
အချစ် အကြောင်း
ကဗျာ သီချင်း
ရုပ်ရှင်
ကြားမြင်ဖတ်ရ
အားမရ..
ဘဝကို အစာသွင်း
အိမ်မက်ကိုအရောင်ခြယ်
ရင်ခုန်တတ်တဲ့အရွယ်
ငါ နားလည်တယ်
မိုးထဲ လေထဲ
ရေငတ် အစာပြတ်
အသားမဲ ပိန်ခြောက်
ပိုက်ဆံ တောင်းရ
ဝမ်း မ ဝ တဲ့
ငါ့ ခလေး တွေ
အချစ် ဘေး လား
တွေး မိ လေ တိုင်း
ဘီယာ စိမ် တဲ့ အသည်း
အလွမ်း ကဗျာ သည်
အာဒံ နဲ့  ဧ ဝ
ငါ ကြည့် မရ
လည်နေတဲ့ နာရီ
ရှု နေ တဲ့ လေ
ရပ်နေတဲ့ ခြေထောက်
ပတ်ဝန်း ကျင် ကို စောက်ရှောက် ။။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အင်း .. ဆွေဇင်ကြည့်မရတဲ့အထဲ ကိုယ်ပါ ပါသွားပြီ …