မေ……..သို့ (၈)
ငါ့ အိမ်မက်တွေဟာ
ငါ့ မနက်ဖြန်တွေရဲ့ ထိရှမှု့ အပေါ်မှာ
ဒလိမ့် ကောက်ကွေးငိုရှိုက်လို့ 
ကိုဝိုင်ဝိုင်းဟစ်ကြွေးသလို
ဖြေသမ့် လိုက်လို့ ပြောရုံနဲ့ ပြန်လည်
နိုးထတော့ မှာမဟုတ်ပါဘူး………..
မျှော်လင့် ခဲ့ တာကအချစ်စစ်နဲ့ 
အကြွင်းမရှိသောမေတ္တာတရား၏
မျှတသောအပေးအယူသဘော
ဒါကမျှော်လင့် ရုံသာလေ
ပုံသေနည်းတစ်ခုမှမရှိတက်တဲ့ 
ဘ၀ဆိုသောပုစ္ဆာကို
နည်းနိယာမတစ်ခုခုနဲ မြောက်စားပေါင်းနှုတ်သောအခါ
ငါသည်ပျောက်ဆုံးသွားတက်သောသဘာတရား
ဘာပိုင်ဆိုင်မှု့ မှမရှိတက်သော
အခွံစုတ်တစ်ခုထက်မပိုခဲ့ 
အရာရာရင်ဆိုင်နိုင်ပါတယ်မောင်ရယ်တဲ့ 
အဲ့ ဒီမှတ်ပုံတင်မရှိပဲထွက်ကျတက်တဲ့ 
မင်းနှုတ်ခမ်းကစကားလုံးတွေရဲ့ ကြီးကျယ်ခမ်းနားမှု့ ဟာ
ငါ့ အတွက်………………
တခါတရံဆန့် ငင်ဆန့် ငင်နဲ့ ရှင်သန်နိုင်အောင်ဖန်တီးထားတဲ့ 
တခါကဇာတ်ဝင်ခန်းတွေဖြစ်ခဲ့ ပါပြီ……………………….မေ
မင်းသိပါစေ……….မေ
နက်ရှိုင်းတဲ့ ခံစားချက်တိုင်းဟာ
အချိန်ကကုစားမရနိုင်တဲ့ 
ဒဏ်ရာဒဏ်ချက်တွေအဖြစ်ရှင်သန်နေတက်တယ်ဆိုတာ
ငါ့ ရဲ့ စုတ်ပြတ်သက်နေတဲ့ 
နေ့ ရက်တွေဟာချိုမြနိန်မှု့ မရှိပေမဲ့ 
အတ္တကင်းတယ်မေ
ရိုးသားကြတယ်
ဒါကငါ့ရဲ့ တကိုယ်ကောင်းဆန်သောအကြောင်းပြချက်တွေပါလို့ 
ငါ့ဒိုင်ယာရီတွေထဲမှာတော့ ဖြောင့် ချက်ပေးမိတယ်မေ
ငါတို့ ချစ်ခဲ့ ကြတာလား
ငါတို့ ………………..လာ
မေ…………..မင်းရဲ့ မနက်ဖြန်တွေကတော့ 
အရုပ်ဆိုးချိန်မရအောင်
ကခုန်နေရဆဲပဲလား
ငါ့ ကိုမေ့ ထားခဲ့ သော..မေရေ……………………….
မင်းလူန
့
Comment #2
ကျေးဇူးပဲ…ခုလိုအားပေးလို့ 

Comment #3
” နက်ရှိုင်းတဲ့ ခံစားချက်တိုင်းဟာ
အချိန်ကကုစားမရနိုင်တဲ့ 
ဒဏ်ရာဒဏ်ချက်တွေအဖြစ်ရှင်သန်နေတက်တယ်ဆိုတာ………’
အရမ်းကောင်းတယ်

Comment #1
I like this poem