မညီမျှခြင်း
ှကမ္ဘာတခြမ်းမှာ သူတို့ပျော်နေကြတယ်
ကမ္ဘာတခြမ်းမှာ ငါငိုနေတယ်
ကမ္ဘာတခြမ်းမှာ သူတို့မျှော်လင့်တကြီးနဲ့
အဲဒီကောင်းကင်ကြီးကိုပေါ့
ပြုံးပြုံးကြီးမော့မော့ကြည့်လို့
ကမ္ဘာတခြမ်းမှာ ငါလေ ရင်ကွဲပက်လက်နဲ့
အဲဒီအနားသတ်မရှိတဲ့ပင်လယ်ကြီးကိုငေးလို့
ကမ္ဘာတခြမ်းမှာ ဟိုတယောက်ပေါ့
အဖေ..အမေ…ဆိုပြီး ဂန္ဓဝင်မြောက်ကဗျာတွေစပ်လို့
ကမ္ဘာတခြမ်းမှာ ငါကတော့
အဖေ..အမေ..ဆိုပြီး ဂန္ဓဝင်မမြောက်ကိန်းဂဏာန်းတွေနဲ့နပန်းလုံးနေရဲ့
ဒီလိုနဲ့……………………………………………..
………………………………………………………
ကမ္ဘာတခြမ်း သူတို့ပျော်ရွှင်စွာဆုံဆည်းကြတယ်
ကမ္ဘာတခြမ်းမှာ ငါကအငွေ့ပျံပျောက်ဆုံးလို့
ငါကအငွေ့ပျံပျောက်ဆုံးလို့
ကမ္ဘာတခြမ်းမှာလေ………………….။
အမရာ
Comment #4
Let me share…your poem.
Comment #5
ma nyi hwma phyit nay dar dot hoe a sa ka de ka par,,,
be lo pe kyoe sar p hnyi pay me ma ya ke par,,,
Comment #8
ကမ္ဘာတခြမ်း သူတို့ပျော်ရွှင်စွာဆုံဆည်းကြတယ်
ကမ္ဘာတခြမ်းမှာ ငါကအငွေ့ပျံပျောက်ဆုံးလို့
ငါကအငွေ့ပျံပျောက်ဆုံးလို့
ကမ္ဘာတခြမ်းမှာလေ………………….။ အရမ်းကြိုက်တယ် အမရေ
Comment #1
အင်း ကမ္ဘာက လဲခြမ်းလိုက်တာ ဘယ်နှစ်ခြမ်းတောင်ဖြစ်သွားတာလဲမသိတော့ဘူး။။ ရေလိုက်ဦးမယ်။
စတာနော်အစ်မ…။အရမ်းကောင်းတယ်သိလား…။တကယ်လန်းတယ်။
အားပေးသွားတယ်နော်။ ကျွန်တော့ကဗျာတွေကျရင်လာဖတ်ရင်ဖတ်မဖတ်လို့ကတော့နောက်နေ့မုန့်မ
ကျွေးဘူး။ဒါပဲ..။