အမှတ်တရ ကဗျာများ
မီးမလာ မှောင်ကာမိုက်
ရေမရှိခိုက်
ခွေးကအူ
ဝမ်းကပူ
ငါ့တို့ဘဝ
နူတူတူ။
၂
ခုတစ်မျိုး
တော်ကြာတစ်မျိုး
အမျိုးမျိုးသောသူ
ဝါဒတွေတစ်ခါဖြန့်
တစ်ခါရုတ်
အလုပ်ရှုပ်သောသူ
သဘောရှိ
မနောရှိ
သူသဘောကိုသာ
ဆောင်လိုသူ
စိတ်မတွေ့မချင်း
ဒေါသပုန်ထ
အရာရာကို ဖေါက်ခွဲသူ
ထိုသို့သောသူ
သို့သောသူ
သင့်သဘောကို
ငါဆောင်အံ့
သူရှုးဖြစ်ရတံ့။
Comment #2
ကျွန်တော် ပထမအပုဒ်ကို ကော်ပီ ကူးသွားပါတယ်။
By:ုkyaw zin win at May 23, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Wow.. မိုက်တယ် မိုက်တယ်.. Love it! 😀