ဘ၀ကွေ့ ဝယ်
ဘ၀ကွေ့ ဝယ်
သိကျွမ်းခင်မင် ၊ တွေ့ မြင်ဆုံစည်း
ရင်းနှီးချစ်ကြည် ၊ သွားမည်လက်တွဲ
တူတူပဲလျှင် ၊ စိတ်ထဲရည်စူး
ကြည်ရွှင်မြူးလျှက် ၊ ခေါ်ထူးမေးပြော
ရယ်တမောတည့် ၊ ဘယ်သောခါမှ
စခန်းလှသို့  ရောက်ရမည်နော်
မသိသော်လည်း ၊ ရွှင်ပျော်စိတ်ဝမ်း
တူလျှင်လှမ်းသည်
သည်လမ်း ဘ၀ ဆီမှာတည်း ။
ဘ၀ကွေ့ ဝယ်
ပျော်မွေ့ ကြည်သာ ၊ သွားလေရာက
နှစ်ဖြာလမ်းခွဲ ရောက်မလွဲတည့်
သူလဲ ဟိုဆီ ၊ တပ်ဦးချီ၍
သည်ဆီငါလှမ်း ၊ ဆက်၍မြန်းသော်
စိတ်ဝမ်းကြေကွဲ ၊ တစ်ကိုယ်ထဲလျှင်
လှိုက်လှဲပူတွေ့  ၊ ချိမမြေ့ သည်
အကွေ့  ဘ၀ ဆီမှာတည်း။ ။
သို့ ဖြစ်သည်ကြောင့်
ချစ်ကြည်မြတ်လေး ၊ ဆွေအတွေးဝယ်
မဝေးလှသည့် ဘ၀ ထိုထို
လမ်းတခို၌
လျှပ်လိုခဏ ၊ တွေ့ ကြရခိုက်
မေတ္တာမဏ္ဍိုင် ၊ တူစိုက်ပြိုင်စို့ 
တတ်နိုင်သမျှ ချစ်ကြပါစို့ 
ဘ၀လမ်းတာ တိုတောင်းစွာကို
သာယာသမှု ငါတို့ ပြုစို့ 
ညစ်ကျုမထင် စိတ်ဖြူစင်ဖြင့်
များရှင်လူသူ ငါတို့ ကူစို့ 
နိဗ္ဗူမြတ်နန်း ခေမာကမ်းသို့ 
တက်လမ်းပြညွှန် ခရီးမွန်ဝယ်
အားသွန်ကြိုးစား ရောက်လိုအားနှင့်
တရားရှာဖွေ မွေ့ ပါစို့  ။ ။