ငါ့ရင်ခွင်က ပဉ္စလက် ကြိုးခတ်သံ (night^)
ထွက်သွားလိုက် … တဲ့
အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်
ရိုးသားစွာ ညို့မှိုင်းတတ်လို့
ငါ့ကို …
မူလတန်းက ပေတံလေးနဲ့ပဲ တိုင်းကြည့်
မနုဿ လူရိုင်းလို့ အဖြေရရှိလိမ့်မယ်
… ရေ
သားရဲရိုင်း တအုပ်ထဲ
ငုတ်တုတ်ဝင်ထိုင်
ငါကတော့ …
သိုးငယ်တကောင်ရဲ့ ကျဆုံးခန်းမှာ
တပင်တိုင်ပါပဲ
မာယာပေါင်း များစွာနဲ့
အစားခံလိုက်ပါတယ်ကွယ်
ပြန်လာခဲ့ …
နေကြာဝတ်ဆံတို့နဲ့
ပြန်လာခဲ့ပါ …
ညမွှေးပန်း ရှိုက်သံလေးရယ်
ဒီလိုမှ …
မင်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်
ပြီးတော့ …
ငါ့အရေခွံနဲ့ ဗုံသာတလုံးကို ကြက်
ဒါဆို …
ငါ့ရင်ခွင်က
ပဉ္စလက် ကြိုးခတ်သံတွေ
မင်း ကြားရပါလိမ့်မယ်
night^
Comment #3
ဟုတ်တယ်
င်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်….အဲဒီအပိုဒ်မှာ..ဖတ်ရတဲ့သူတောင်အသက်ရှူခဏရပ်သွားသလိုပဲ..
တော်တော်ထိတယ်……
အဲဒီအပိုဒ် ကတော်တော်ကောင်းတယ်
ဒီလောက်ကောင်းအောင်ဘယ်လိုများရေးလဲ အကိုရေးတာတွေတော်တော်ကောင်းတယ်
Comment #6
really nice,
really nice,
really nice,
Comment #7
ဒီကဗျာဖတ်နေတုန်း ငိုင်တောင်ငိုင်သွားတယ်ဗျ ကဗျာကအဲ့လောက်ကိုအရေးအသားကောင်းတယ် ။
Comment #9
… ရေ
သားရဲရိုင်း တအုပ်ထဲ
ငုတ်တုတ်ဝင်ထိုင်
ငါကတော့ …
သိုးငယ်တကောင်ရဲ့ ကျဆုံးခန်းမှာ
တပင်တိုင်ပါပဲ
မာယာပေါင်း များစွာနဲ့
အစားခံလိုက်ပါတယ်ကွယ်
ပြန်လာခဲ့ …
နေကြာဝတ်ဆံတို့နဲ့
ပြန်လာခဲ့ပါ …
ညမွှေးပန်း ရှိုက်သံလေးရယ်
ဒီလိုမှ …
မင်းကျေနပ်မယ်ဆိုရင်
နေဝင်ချိန် ဓမ္မသတ်တွေနဲ့
ငါ့ကို …
ကားစင်တင်ပြီး သတ်ကွယ်
ပြီးတော့ …
ငါ့အရေခွံနဲ့ ဗုံသာတလုံးကို ကြက်
ဒါဆို …
ငါ့ရင်ခွင်က
ပဉ္စလက် ကြိုးခတ်သံတွေ
မင်း ကြားရပါလိမ့်မယ်
ကဗျာတွေ မမြင်ရတော့ဘူး… လွမ်းတယ်ဗျာ..။ ဒီလိုကဗျာလေးတွေ ထပ်ဖတ်ဖို့ အခွင့်မပေးတော့ဘူးပေါ့ .. 🙁
Comment #10
ထွက်သွားလိုက် … တဲ့
အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်
Comment #11
ထွက်သွားလိုက် … တဲ့
အခိုက်အတန့်တောင် ဝင်ခွင့်မရပေမယ့်
မင်းက …
ထာဝစဉ် နှင်ချတယ်
Comment #1
kyite mae lu ma shi loz kyite pay tar ma hote woo..nint sar thar tway lan htwat nay lun loz..