မပွင့်သော ပန်း (night^)
မင်းအတွက် …
ငါပျိုးထားတဲ့
ပန်းပွင့် ရိုးရိုးလေးပါ
သူ …
တိုးတိုးလေး ငိုနေတယ်
” ပွင့်ချင်ပွင့် မပွင့်ချင်နေ “
ဒီလို …
သားချော့တေးတွေနဲ့ စိမ်းမြ တေးညှိုးလို့
သူ့ကို မနှိုးလိုက်နဲ့ကွယ်
အက်ဆစ်တိမ်ခိုးတို့
ပိုက်ထွေးလို့ထားတဲ့ အဆိပ်သင့်မိုးတွေနဲ့မှ
သွန်းဖြိုး ကာ ပေါင်းသင်တတ်သူရေ …
တကယ်တော့လေ …
ငါက …
ဥပက္ခာမြမြနဲ့ အမွှန်းခံရတဲ့
ဒြပ်မဲ့သော ကြေးသွန်းရုပ်
ပန်းတွေ ပွင့်အောင်…
မန်းမှုတ်ဖို့ မတတ်ဘူး
night^
Comment #2
အက်ဆစ်တိမ်ခိုးတို့
ပိုက်ထွေးလို့ထားတဲ့ အဆိပ်သင့်မိုးတွေနဲ့မှ
သွန်းဖြိုး ကာ ပေါင်းသင်တတ်သူရေ …
တကယ်တော့လေ …
ငါက …
ဥပက္ခာမြမြနဲ့ အမွှန်းခံရတဲ့
ဒြပ်မဲ့သော ကြေးသွန်းရုပ်
ပန်းတွေ ပွင့်အောင်…
မန်းမှုတ်ဖို့ မတတ်ဘူး
လေးစားပါတယ် ဆရာသမားရယ်…..
By: နိုးဆက် နေ့ at Jan 3, 2013
Comment #3
နောက်တစ်ကြိမ်ခင်ဗျ။ ကြိုက်လွန်းလို့
By: 13th at Mar 20, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
” ပွင့်ချင်ပွင့် မပွင့်ချင်နေ “
ဒီလို …
သားချော့တေးတွေနဲ့ စိမ်းမြ တေးညှိုးလို့
သူ့ကို မနှိုးလိုက်နဲ့ကွယ်
တကယ်တော့လေ …
ငါက …
ဥပက္ခာမြမြနဲ့ အမွှန်းခံရတဲ့
ဒြပ်မဲ့သော ကြေးသွန်းရုပ်
ပန်းတွေ ပွင့်အောင်…
မန်းမှုတ်ဖို့ မတတ်ဘူး
တကယ်တော့ တစ်ပုဒ်လုံးကို သဘောကျတာပါ..