အလွမ်းပြေ
နောက်တခေါက်
လမ်းကြုံစရာမရှိတော့ဘူးဆိုရ
င်
ငါ့ နှင်းမီးအိမ်မှာပြာကျခဲ့တဲ့အကြောင်း
နတ်သမီးတို့တီးတိုးစကားသံနဲ့တောင်
ဖွင့်ဟပြောဆိုခွင့်မရှိစေရ
တိမ်တိုက်တွေအကြားမှာ
ကူးခတ်နေတဲ့ငါးတွေအကြောင်း
ငါ ယုံကြည်ကိုးစားဖူးသူတယောက်
ပြောသံကြားဖူးပါတယ်
ရှုံးနိမ့်ခြင်းကိုနှဲတလက်နဲ့ကြိုဆိုဖို့
သူဆိုခဲ့ဖူးသလို
အောင်မြင်တဲ့အခါလည်းခရာမှုတ်ရုံပျော်ရွှင်ဖို့
သင်ကြားပေးခဲ့ဖူးတယ်
ငါ့သောက်ကြာထောင့်ချိုးမှာ
ရပ်နေသူများအတွက်
ကဗျာချိုးဖို့သူနှိုးဆော်တဲ့အခါ
ငါ့ချစ်ခြင်းမုန်းခြင်းမီးတောက်တိုင်းမှာ
သူ့လွှမ်းမိုးမှုနဲ့မကင်းရာမကင်းကြောင်း
ငါတိတ်တခိုး
မြတ်နိုးဖူးတယ်
သေခြင်းတရားကိုတည့်တည့်ကြည့်နိုင်ဖို့
သူ့အမှာစကားကို
ငါတယောက်ထဲနာခံရင်းကျေနပ်နှစ်သိမ့်ခဲ့ဖူးပါတယ်
မူးယစ်ခြင်းကို
တိုးဝင်ရင်း
သူနှစ်သက်တဲ့အဆုံးသတ်ကို
နောင်တမရစတမ်းလျှောက်ခဲ့ဖူးတဲ့
ငါ့အလေးစားဆုံးလူတယောက်အကြောင်း
ကဗျာစပ်ဆိုရင်း
သူ့ကိုချီးမြှောက်ရတဲ့အခါ
ရင်ဘတ်တခုလုံးက
မီးတွေခဏတော့
ငြိမ်းနေပါရဲ့
ငါ့ နှင်းမီးအိမ်မှာပြာကျခဲ့တဲ့အကြောင်း
နတ်သမီးတို့တီးတိုးစကားသံနဲ့တောင်
ဖွင့်ဟပြောဆိုခွင့်မရှိစေရ
တိမ်တိုက်တွေအကြားမှာ
ကူးခတ်နေတဲ့ငါးတွေအကြောင်း
ငါ ယုံကြည်ကိုးစားဖူးသူတယောက်
ပြောသံကြားဖူးပါတယ်
ရှုံးနိမ့်ခြင်းကိုနှဲတလက်နဲ့ကြိုဆိုဖို့
သူဆိုခဲ့ဖူးသလို
အောင်မြင်တဲ့အခါလည်းခရာမှုတ်ရုံပျော်ရွှင်ဖို့
သင်ကြားပေးခဲ့ဖူးတယ်
ငါ့သောက်ကြာထောင့်ချိုးမှာ
ရပ်နေသူများအတွက်
ကဗျာချိုးဖို့သူနှိုးဆော်တဲ့အခါ
ငါ့ချစ်ခြင်းမုန်းခြင်းမီးတောက်တိုင်းမှာ
သူ့လွှမ်းမိုးမှုနဲ့မကင်းရာမကင်းကြောင်း
ငါတိတ်တခိုး
မြတ်နိုးဖူးတယ်
သေခြင်းတရားကိုတည့်တည့်ကြည့်နိုင်ဖို့
သူ့အမှာစကားကို
ငါတယောက်ထဲနာခံရင်းကျေနပ်နှစ်သိမ့်ခဲ့ဖူးပါတယ်
မူးယစ်ခြင်းကို
တိုးဝင်ရင်း
သူနှစ်သက်တဲ့အဆုံးသတ်ကို
နောင်တမရစတမ်းလျှောက်ခဲ့ဖူးတဲ့
ငါ့အလေးစားဆုံးလူတယောက်အကြောင်း
ကဗျာစပ်ဆိုရင်း
သူ့ကိုချီးမြှောက်ရတဲ့အခါ
ရင်ဘတ်တခုလုံးက
မီးတွေခဏတော့
ငြိမ်းနေပါရဲ့
Comment #2
တကယ်ဗျာ…ကွန်မန့်ကို ရှာမရတာ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Wonder who that person is.