ငါ
လမ်းမပေါ်က လူတစ်အုပ်ကို မထိခိုက်အောင်
ပလက်ဖောင်းပေါ်က ကလေးဆီဦးတည်ခဲ့တယ်
ငါဟာ စက်ဆုပ်စရာ ယာဉ်မောင်းပါ။
လောင်နေတဲ့မီးကို အရှိန်လျှော.ဖို.ရာ
ကိုယ်.အိမ်ခေါင်မိုးကို ဖျက်ချခဲ့တယ်
ငါက အသုံးမကျတဲ့ အိမ်ရှင်ပါ။
ကျန်တဲ့လယ်တွေ ပိုးမကူးစက်အောင်
ငါ့လယ်ကွက်ငါ မီးရှို.ခဲ့တယ်
ငါဟာ မုန်းတီးစရာလယ်သမားပါ။
တကယ်တော့ငါဟာ
ငါ့ကိုထိသူတိုင်းအား လောင်ကျွမ်းစေသော
အက်ဆစ်ပြင်းတစ်စက်မျှသာ…..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာရဲ့ ရက်စက်မူ့က လူကိုတော့ မကူးစေနဲ့ပေါ့ရှင်…း)