မောင့်ကိုချစ်ရတဲ့  အကြောင်းပြချက်….
အပြင်ဘက်မှာ မိုးတွေ ရွာလို့ 
မြင်ကွင်းအားလုံး စိမ်းလန်းသစ်လွင်
လတ်ဆတ်နေတယ်။
မိုးတွေရွာလို့  မောင့်ကိုချစ်တယ် ….
နေတွေပူလို့  မောင့်ကိုချစ်တယ်…
သစ်ရွက်လေးတွေ စိမ်းလန်းနေလို့  မောင့်ကိုချစ်တယ်…
ရွက်ဝါလေးတွေ ကြွေလွင့်နေလဲ မောင့်ကိုချစ်တယ်…
ယောင်္ကျားကတိ ဆိုပြီး အတင်း ကတိတွေပေး
ကတိတွေတည်တဲ့  မောင့်ကိုချစ်တယ်…
ချစ်ဖို့ ကောင်းအောင် ဆိုးတတ်လွန်းတဲ့ 
ကိုလူဆိုးလေး မောင့်ကိုချစ်တယ်…
တည်ကြည်လေးနက်သော
အချစ်တွေရှိတဲ့  မောင့်ကိုချစ်တယ်…
လှပတဲ့ချစ်ခြင်းကို
ထိတွေ့ ခံစားခွင့်ပေးတဲ့  မောင့်ကိုချစ်တယ်…
…………………………………………………………….
…………………………………………………………….
အကြောင်းပြချက်များစွာရဲ့ 
တစ်ခုတည်းသော အကြောင်းပြချက် က
ဒါများ ဖြစ်လေမလား…………
မောင်ဟာ မောင်မို့  မောင့်ကို ချစ်တာ ။ ။
Comment #3
တည်ကြည်လေးနက်သော
အချစ်တွေရှိတဲ့  မောင့်ကိုချစ်တယ်…
လှပတဲ့ချစ်ခြင်းကို
ထိတွေ့ ခံစားခွင့်ပေးတဲ့  မောင့်ကိုချစ်တယ်…
…………………………………………………………….
…………………………………………………………….
အကြောင်းပြချက်များစွာရဲ့ 
တစ်ခုတည်းသော အကြောင်းပြချက် က
ဒါများ ဖြစ်လေမလား…………
မောင်ဟာ မောင်မို့  မောင့်ကို ချစ်တာ ။
( မောင်ဟာ မောင်မို့  မောင့်ကို ချစ်တာ ။ )
Comment #1
မိုးတွေရွာလို့  မောင့်ကိုချစ်တယ် ….
နေတွေပူလို့  မောင့်ကိုချစ်တယ်…
သစ်ရွက်လေးတွေ စိမ်းလန်းနေလို့  မောင့်ကိုချစ်တယ်…
ရွက်ဝါလေးတွေ ကြွေလွင့်နေလဲ မောင့်ကိုချစ်တယ်…
ကဗျာက ချစ်စရာလေးဗျာ…
အားပေးသွားပါတယ်။