နေတစ်ခြမ်းနဲ့ လင်းတဲ့ကောင်းကင်
အချစ်ဘာသာကို နားလည်ဖို့ အက်ဆစ်ကန်ထဲမှာ မိုးလေ၀သရဲ့ပြောင်းလဲခြင်းသီအိုရီကို သင်ခဲ့တယ် ဒါပေမယ့် ပြဌာန်းစာအုပ် မရှိဘူး။ လရောင်ကို မျက်နှာမူနေတဲ့ နေကြာပန်း သူတို့ နေတစ်ခြမ်းလင်းတဲ့ ငါ့ကောင်းကင်ကို ကျောခိုင်းလိုက်ကြတယ်။ အပြည့်ကိုပဲ တန်ဖိုးထားကြတဲ့ သူတို့ အပြည့်မဟုတ်ပေမယ့် တစ်ခြမ်းထဲပါ ဒါပေမယ့် “နေ”…………………….။ မိုးတိမ်ကဗျာ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service